ဗန်းမော်မြို့တွင် ရွှေဆိုင်အတွင်း လက်နက်ကိုင် အကြမ်းဖက်သမား ၆ဦးက ဝင်ရောက်၍ ရွှေထည်ပစ္စည်း (၁)ပိဿာခန့် လုယူပြီး သေနတ်ပစ်ဖောက် ထွက်ပြေးမှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့တွင် ရွှေဆိုင်အတွင်း လက်နက်ကိုင် အကြမ်းဖက်သမား ၆ဦးက ဝင်ရောက်၍ ရွှေထည်ပစ္စည်း (၁)ပိဿာခန့် လုယူပြီး သေနတ်ပစ်ဖောက် ထွက်ပြေးမှုဖြစ်ပွား


MNP ၊ အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အောင်သီရိရွှေဆိုင်အတွင်း လက်နက်ကိုင် အကြမ်းဖက်သမားများက ဝင်ရောက်ကာ ရွှေထည်ပစ္စည်း တစ်ပိဿာခန့် လုယူပြီး သေနတ်ပစ်ဖောက် ထွက်ပြေးသွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် နံနက် ၈ နာရီခန့်က ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ ဦးကြီးထိန်နန်လမ်း၊ ပြည်သူ့ဆေးရုံကြီးအနီး၌ ဖွင့်လှစ်ထားသည့် အောင်သီရိရွှေဆိုင်၌ ဆိုင်ဖွင့်ချိန် ရွှေထည်ပစ္စည်းများ ခင်းကျင်းနေစဉ် ဆေးရုံကြီးဘက်မှ အမည်မသိသူ (၆)ဦးသည် ဆိုင်ကယ်သုံးစီးဖြင့် သေနတ်အတို သုံးလက် ကိုင်ဆောင်ဝင်ရောက်လာပြီး အသင့်ယူဆောင်လာသည့် တူများဖြင့် မှန်ကောင်တာအား ရိုက်ခွဲကာ ရွှေဆွဲသီးပုံစံမျိုးစုံ (၁၅၆)လုံး၊ ရွှေလက်ကောက်ပုံစံမျိုးစုံ (၈၉)ကွင်း၊ ရွှေဘယက် (၁)ခု၊ ရွှေဆွဲကြိုးပုံစံမျိုးစုံ (၇၉)ကုံး၊ ရွှေလက်စွပ်ပုံစံမျိုးစုံ (၁၄၅)ကွင်း စုစုပေါင်းအလေးချိန် (၁)ပိဿာခန့်ကို ကျောပိုးအိတ်များအတွင်း ထည့်ကာ သေနတ်နှစ်ချက်ပစ်ဖောက်ပြီး လာရာလမ်းအတိုင်း ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗန်းမော်မြို့မရဲစခန်းက (ပ)၁၆၆/၂၀၂၃ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၉/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)