Pages

Pages

ရုရှားသည် အရှေ့အလယ်ပိုင်းတွင် စစ်စတင်လိုကြောင်း ဇယ်လင်စကီး ၏ပြောဆိုချက်ကို ကရင်လင် ပြောရေးဆိုခွင့်ရှိသူက ပယ်ချ


မော်စကို၊ အောက်တိုဘာ ၁၀

အရှေ့အလယ်ပိုင်းတွင် စစ်ပွဲစတင်ရန် ရုရှားက လိုလားနေသည်ဟု ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီး၏ ပြောကြားချက်သည် အကြောင်းပြချက်မရှိဟု ရုရှားသမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က မီဒီယာများကို ပြောကြားခဲ့သည်။

ရုရှား၏ စွပ်စွဲချက်များသည် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဖြစ်စေရန် ရည်ရွယ်သည်ဟူသော ယူကရိန်းသမ္မတ၏ ပြောဆိုချက်ကို ကရင်မလင်က မည်သို့မြင်ကြောင်း မေးခွန်းကို တုံ့ပြန်ရာတွင် ပက်စကော့ဗ် က "အဆိုးမြင်ဝါဒီတွေပါ။ သူတို့မှာ အကြောင်းပြချက် လုံးဝမရှိဘူး" လို့ တုန့်ပြန်ခဲ့သည်။

အစ္စရေးပိုင်နက်အတွင်း ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲဖြစ်လာခဲ့သည်။ နောက်ဆုံး တရားဝင်အချက်အလက်များအရ ရုန်းရင်းဆန်ခတ်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၇၀၀ နီးပါးသေဆုံးကာ ၃၇၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အစ္စရေး ၉၀၀ ကျော် သေဆုံးကာ ၂၆၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق