လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိဘဲ ယာဉ်မောင်းနှင်သူများကို စစ်ဆေးအရေးယူဖြစ်ကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိဘဲ ယာဉ်မောင်းနှင်သူများကို စစ်ဆေးအရေးယူဖြစ်ကြောင်း သိရ


MNP ၊ အောက်တိုဘာ   ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုမရှိဘဲ ယာဉ်မောင်းနှင်သူများကို အောက်တိုဘာလ ၁၄ ရက်နေ့မှစတင်ကာ စစ်ဆေးအရေးယူတော့မည်ဖြစ်ကြောင်း မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။


သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုမရှိဘဲ ယာဉ်မောင်းနှင်သူများအား ဖမ်းဆီးအရေးယူမှုများ မပြုလုပ်မီ ပညာပေးအနေဖြင့် မြို့တွင်းရှိ လူစည်ကားရာနေရာများနှင့် ရပ်ကွက်များအတွင်းသို့ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


“ကျွန်တော်တို့ စည်းကမ်းလိုက်နာမှုမရှိဘဲ ယာဉ်မောင်းကြတဲ့သူတွေကို စစ်ဆေးအရေးယူမှု မပြုလုပ်ခင်မှာ ပြည်သူတွေကို ဒီလိုစည်းကမ်းတွေ မလိုက်နာရင် ဘယ်လိုဒဏ်ကြေးဆောင်ရမယ်။ ဘယ်လိုမောင်းရင်ယာဉ်သိမ်းဆည်းခံရမယ်ဆိုတာတွေကို လိုက်လံအသိပေးသွားမှာဖြစ်ပါတယ်။” ဟု လားရှိုးမြို့ အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးထိုက်က ပြောကြားခဲ့ကြောင်း သိရသည်။


မော်တော်ဆိုင်ကယ်စီးနင်းသူများသည် သတ်မှတ်နံပါတ်ပြားတပ်ဆင်၍ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကာ မောင်းနှင်ရမည့်အပြင် ယာဉ်မောင်းလိုင်စင်လည်း ပါရှိရမည်ဖြစ်သည်။ ဆိုင်ကယ်တစ်စီးတွင် နှစ်ဦးထက် ပို၍ တင်ဆောင်စီးနှင်းသူများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ်နံပါတ်ပြား မတပ်ဆင်ဘဲ စီးနင်းလာသူများ၏ ဆိုင်ကယ်များကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။


မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် သတ်မှတ်နံပါတ်ပြားတပ်ဆင်၍ မောင်းနှင်ရမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်လည်း ပါရှိရမည်ဖြစ်ကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)