Pages

Pages

သထုံမြို့နယ်၌ အကူသူနာပြု(ပြင်ပ)သင်တန်းဆင်းပွဲ ကျင်းပ





MNP ၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် အကူသူနာပြု(ပြင်ပ) ၉ လ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းအသီးသီး၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူတို့အား ဂုဏ်ပြုဆု ချီးမြှင့်ပေးခဲ့ကြသည်။


သထုံမြို့နယ်၌ အကူသူနာပြု(ပြင်ပ)သင်တန်းများကို ပထမအသုတ်အဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ လည်းကောင်း၊ ဒုတိယအသုတ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၂ ဦးတက်ရောက်ခဲ့ကြသည်။


အဆိုပါသင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق