Pages

Pages

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ဘက်စုံပုံစံသို့ ကူးပြောင်းနေပြီဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား



မော်စကို၊ အောက်တိုဘာ ၁၁

ကမ္ဘာ့စီးပွားရေးသည် ကြီးထွားမှုဗဟိုချက်များစွာရှိသည့် ဝင်ရိုးစွန်းပုံစံတစ်ခုဆီသို့ တဖြည်းဖြည်း ကူးပြောင်းနေပြီဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားစွမ်းအင် ရက်သတ္တပတ် စုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရုရှားနှင့် ပြည်ပနိုင်ငံများမှ ပညာရှင်များသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍ၏ လမ်းကြောင်းများနှင့် အလားအလာများကို အတူတကွ ဆွေးနွေးကြပြီး ကမ္ဘာ့လောင်စာဆီနှင့် စွမ်းအင်ကဏ္ဍတွင် ရင်ဆိုင်နေရသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်နိုင်သည့် ဖိုရမ်တစ်ခု ကျင်းပရန် အရေးကြီးကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မှတ်ချက်ပြုခဲ့သည်။

"ကမ္ဘာ့စီးပွားရေးသည် ကြီးထွားမှုဗဟိုချက်များစွာဖြင့် လည်ပတ်နေသော ဘက်စုံပုံစံတစ်ခုသို့ ရွေ့လျားနေပြီး၊ နေရာဒေသ၊ နိုင်ငံတစ်ခုစီ၏  စွမ်းဆောင်မှု အခန်းကဏ္ဍသည် အရေးပါပြီး နက်နဲသည်ဟု ရှုမြင်ကြောင်းဖြင့် " ရုရှားခေါင်းဆောင်က ပြောသည်။

နိုင်ငံများ၏ အခန်းကဏ္ဍကိုလည်း ၎င်းတို့၏ စီးပွားရေး၊ စက်မှုနှင့် စွမ်းအင်၊ အချုပ်အခြာအာဏာအတွက် ရပ်တည်မှုတွင် ၎င်းတို့၏ စွမ်းဆောင်ရည်ဖြင့် အဆုံးအဖြတ်ပေးသွားလိမ့်မည်ဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق