Pages

Pages

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ






MNP ၊ အောက်တိုဘာ   ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Center) ခန်းမ၌  ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နေ့လည် ၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာ က ကျောင်းသား ၊ကျောင်းသူများ စိတ်ကူးစိတ်သန်းနှင့် ဉာဏ်ရည်၊  ဉာဏ်သွေး ထက်မြက်စေရန်၊ စာအုပ်စာပေများနှင့်ထိတွေ့မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပ ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ဝင်ရောက်ယဉ်ပြိုင်ကြ၍ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။


မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ပုံပြင် ပြောပြိုင် ပွဲ ၊ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ၊ ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် အသိပညာပေး (Talk Show) အစီအစဉ်များ ရိုက် ကူးထုတ်လွင့်ခြင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်းစသည့် အသိပညာပေး လုပ်ငန်း များ စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق