Pages

Pages

မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်


MNP ၊ အောက်တိုဘာ   ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ကျောင်းသား၊ကျောင်းသူများ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်တတ်လာစေရန်၊ ဉာဏစွမ်းရည်နှင့် သင်္ချာစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဆုရရှိသည့် ကလေးများကို အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွား စေရန် စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များနှင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကို မိုင်းဆတ်ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page မှ တဆင့်လွှင့်တင်ပေးလျှက်ရှိကြောင်းသိရသည်။


မြင့်မောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق