Pages

Pages

ထီးချိုင့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ


MNP ၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ စာဖတ်ဝိုင်းကို ဝန်ထမ်းများအ‌နေဖြင့် ပြည်သူကိုဗဟိုပြုသော အများပြည်သူဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အောင်မြင်စေရန် ရည်ရွယ်၍ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ စာအုပ်မှ ပြည်သူ့ဆက်ဆံရေးဘာသာရပ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ပြည်သူ့ဆက်ဆံရေး၏ အဓိပ္ပါယ်၊ ဒုတိယဦးစီးမှူးဒေါ်ခင်အုန်းမြင့်က ပြည်သူ့ဆက်ဆံရေး၏ သဘောသဘာဝ၊ ဓါတ်ပုံ-၂ ဦးရဲလင်းထွန်းမှလည်း ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတွင် ဆိုးကျိုးဖြစ်စေသည့်အချက်များစသည့် အကြောင်းအရာများဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ရာ ကျန်ဝန်ထမ်းများကလည်း  အသီးသီးဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရဲလင်းထွန်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق