Pages

Pages

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်ဖြင့် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါစာဖတ်ဝိုင်းတွင် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးမောင်မောင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ ရုံးတွင်းဝန်ထမ်းများ စည်းမျဉ်း၊ စည်းကမ်းများကို သိရှိနားလည်လိုက်နာစေရန်ရည်ရွယ်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါ အကြောင်းအရာထဲမှ အခန်း(၄)ပါ၊ ပုဒ်မ (၂၆) ထဲမှ ဝန်ထမ်းများရာထူးတိုးမြှင့်ခြင်းဆိုင်ရာ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာက အခန်း(၁၄)ပါ၊ ပုဒ်မ(၁၆၀) တွင်  ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူအချက် များကို ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ  သိရှိလို သည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ရာ ဦး‌ဆောင်နွေးသူမှ ပြန်လည်ရှင်းလင်း ခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق