MNP ၊ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ခင်းကျင်းပြသထားသည်များအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသို့ အထက်က ဇင်းတောကျေးရွာ (အ.မ.က)ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်၍ ပြတိုက်ငယ်၌ ခင်းကျင်းပြသထားရှိသည့် သမိုင်းဝင်ဘုရားစေတီပုထိုးများ၊ ထူးချွန်ထင်ရှား လူပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးထွက်ကုန် ပစ္စည်းများ စသည်တို့အား လေ့လာ ကြည့်ရှုခြင်း၊ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု လေ့လာခြင်း၊ ကလေးစာဖတ်ခန်းတွင် အဖွဲ့များခွဲ၍ ပုံပြင်ပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူ့စာကြည့်တိုက်၊ ကွန်ပျူတာ သင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ အနုပညာခန်းမ၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ကလေးကစားခန်း၊ အားကစားခန်းမနှင့် ဘက်စုံသုံးခန်းမများ ပါဝင်ပြီး ပြည်သူများနှင့် ကျောင်းသား/သူများ အခမဲ့ အသုံးပြုနိုင်ကြောင်း သိရပါသည်။
ပြည့်ဖြိုးကျော်
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق