Pages

Pages

ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ အေးချမ်းသာယာခန်းမ၌ EVM စက်အသုံးပြုမဲပေးပုံနည်းစနစ်များ ရှင်းလင်းသရုပ်ပြပွဲကျင်းပ




MNP ၊ အောက်တိုဘာ  ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (EVM) စက်အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသရုပ်ပြခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(EVM)စက် အသုံးပြုခြင်းနှင့်ပတ်သက်သည့်အချက်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ပြည်သူများအား လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ အဖွဲ့ဝင်ဦးခင်ဇော်၊ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပြည်သူများ စုစုပေါင်း ၄၉၆ ဦးခန့် တက်ရောက်ခဲ့သည်။


ဆက်လက်၍ မွန်းလွဲ၁နာရီအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း ၅၀၀ ဦးတို့ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (EVM)စက် အသုံးပြုခြင်းနှင့်ပတ်သက်၍ စမ်းသပ်သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းသန်းနွယ်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق