Pages

Pages

ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်းနှင့် ဆင်တက်မော် IDP စခန်း၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းမျာဆောင်ရွက်





MNP ၊ အောက်တိုဘာ  ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်းနှင့် ဆင်တက်မော် IDP စခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ခွဲမှူး စခန်းစီမံခန့်ခွဲရေးတာဝန်ရှိသူများမှ ကြိမ်နီပြင် IDP စခန်းနှင့် ဆင်တက်မော် IDP စခန်း၌ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဟောပြောသရုပ်ပြခြင်း၊ မီးသတိပေးစာစောင်များ၊ ပိုစတာများ၊ ဗီနိုင်းများကပ်ခြင်း၊  မီးပေါ့ဆမှုမရှိရေး၊ မီးသုံးစွဲခြင်း စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိနှင့် ဆောင်ရန် ရှောင်ရန်တို့ကို အသိပညာပေး အကြံပြုဆွေးနွေးခဲ့ ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق