Pages

Pages

KIA အကြမ်းဖက်အဖွဲ့မှ ဒုဆေးမှူးနဲ့အတူ KIA က တပ်သားသစ်များအဖြစ် အဓမ္မခေါ်ဆောင်ခြင်း ခံထားရသူများကို ဖမ်းဆီးရမိ



MNP ၊ အောက်တိုဘာ ၂၁

ဒေသခံပြည်သူများရဲ့ သတင်းပေးမှုကြောင့် ထီးချိုင့်မြို့နယ်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးအား ရှောင်တခင်စစ်ဆေးရာ KIA အကြမ်းဖက်အဖွဲ့ တပ်မဟာ(၉)မှ ဒုဆေးမှူးအဆင့်ရှိသူနှင့်အတူ KIA တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခြင်းခံရသူများကို အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ကျန်းဆောင်(ခ)အတောင် သည် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ KIA တပ်မဟာ(၉)တွင် ဒုဆေးမှူး/ကျန်းမာရေးမှူး အဖြစ် ယနေ့အထိ လုပ်ဆောင်ခဲ့သဖြစ်ပြီး ဒဏ်ရာရ KIA အကြမ်းဖက်သောင်းကျန်းသူများအား ဆေးကုသပေးခြင်း၊ လိုင်ဇာတွင် ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းများအတွက် လူသစ်စုဆောင်းပေးခြင်းများကို တာဝန်ယူလုပ် ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။


၎င်းနဲ့အတူ ဖမ်းဆီးရမိသူများသည် မိဘများကို ခြိမ်းခြောက်၍ အတင်းအဓမ္မစုဆောင်းခံရသူများဖြစ်ပြီး လိုင်ဇာသို့ပို့ရန် ဖားကန့်မှ မန္တလေးသို့ ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ လူသစ်စုဆောင်းခြင်းခံရသူများအား သက်ဆိုင်ရာမိဘများထံ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးရမိသူများမှာ -

(၁) ကျန်းဆောင်(ခ) အတောင် [KIA တမဟ(၉) ဒုဆေးမှူး]

(၂) နော်ဘန် (ဘ)ဦးလှရော်၊ မချမ်းဘော့မြို့။

(၃) ဆွတ်ဖန်းအောင် (ဘ) ဦးအင်ခွမ်လာဂျား၊ မြစ်ကြီးနားမြို့။

(၄) မစန်ထွယ်ရာ (ဘ) ဦးလှရော်၊ ကာမိုင်းမြို့။

(၅) မခွန်းရီ (ဘ) ဦးအင်ခွန်နော်မိုင်၊ ဖားကန့်မြို့။

(၆) မမိုင်းရာ (ဘ) ဦးခေါရိန်း၊ မိုင်းကောင်းမြို့။

(၇) မလုလုဒင် (ဘ) ဦးမောင်ကြိုင်၊ ဖားကန့်မြို့။

(၈) မနန်းခမ်းဝေ (ဘ) ဦးခါလီ၊ ဖားကန့်မြို့။

(၉) မကိုင်နူး (ဘ) ဦးအွန်ဆောင်းနော်၊ ကသာမြို့။

တို့ဖြစ်သည်။


ဒေသခံများ၏ သတင်းပေးမှုကြောင့် KIA အကြမ်းဖက်သမားကို ဖမ်းမိခဲ့သလို KIA ရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းခံရတဲ့ လူငယ်များကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق