KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး ပေါက်ကွဲမှု ယမ်းသိုလှောင်ထားသည့်နေရာ ဖြစ်ကြောင်း ဖော်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး ပေါက်ကွဲမှု ယမ်းသိုလှောင်ထားသည့်နေရာ ဖြစ်ကြောင်း ဖော်ပြီ




KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာအနီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့် ရှိသူနှင့် ပြည်ဖျက်မီဒီယာများက ပူးပေါင်း၍ တပ်မတော်က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း ဖြစ်ကြောင်း လုပ်ကြံဖန်တီး ဝါဒဖြန့်နေချိန်တွင် ပေါက်ကွဲမှုဖြစ်ရခြင်းနှင့် ပတ်သက်၍ အမှန်တရားကို ဖော်ထုတ်ရေးသားနေသူအား ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ဉ်နှင့် ပတ်သက်၍ ကချင်ဘာသာဖြင့် ရေးသားဖော်ထုတ်ထားသူ တစ်ဦးမှာ ခြိမ်းခြောက် ခံနေရကြောင်း ထပ်မံ ရေးသားဖော်ပြထားသည်။

ဖော်ထုတ်ရေးသားသူက "မနေ့က ပေါက်ကွဲတဲ့ ဂိုဒေါင်နေရာက ဒေါ်အားလီ နဲ့ KIA လူကြီးတွေ ပိုင်တဲ့ နေရာဖြစ်ပြီး PDF တွေအတွက် Drop Bomb လုပ်ဖို့ ယမ်းတန်ချိန် (၁၀၀)ခန့် စုဆောင်းထားတဲ့နေရာ  ဖြစ်တယ်။ နောက်ထပ် ရေအားလျှပ်စစ်နားက ဂိုဒေါင်မှာလည်း တန်(၃၀၀၀)လောက် ရှိတဲ့ ယမ်းတွေ သိမ်းထားသေးတယ်။ ဒီကိစ္စတွေကြောင့် တရုတ်နယ်စပ်မှာလည်း တရုတ်ရဲတွေက ပိတ်ထားပြီး ဘယ်သူ့မှ ဝင်ခွင့်မပေးတော့ဘူး" ဟု ဖော်ထုတ် ရေးသားထားသည်။

KIA အကြမ်းဖက်သောင်းကျန်းသူများ၏ ဌာနချုပ်ရှိရာ လိုင်ဇာအနီးတွင် ၉-၁၀-၂၀၂၁ ရက်နေ့ ညသန်းခေါင်း အချိန်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး KIA အဖွဲ့ဝင်များနှင့် တိမ်းရှောင်နေထိုင် သူ ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မှန်မှန်ကန်ကန် ထုတ်ပြန်ခြင်း မရှိဘဲ တပ်မတော်က ပစ်ခတ်တိုက်ခိုက်သယောင် လုပ်ကြံဖန်တီး ပြောဆိုမှုများ လုပ်ဆောင်နေသည့်အပေါ် တပ်မတော်အနေဖြင့် သောင်းကျန်းသူများ၏ ဌာနချုပ်များကို ပစ်ခတ်တိုက်ခိုက်နိုင်သော်လည်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်လျက်ရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ပစ်ခတ်ခြင်းမျိုး မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောဆိုခဲ့သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)