မြေပြင်သတင်း ဖော်ထုတ်ချက်များအရ လိုင်ဇာမြို့အနီး ပေါက်ကွဲမှုဖြစ်စဉ်မှာ KIA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲခြင်းဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြေပြင်သတင်း ဖော်ထုတ်ချက်များအရ လိုင်ဇာမြို့အနီး ပေါက်ကွဲမှုဖြစ်စဉ်မှာ KIA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲခြင်းဖြစ်



MNP ၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်တွင် အောက်တိုဘာလ ၉ ရက် ညပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အချို့မီဒီယာများမှ တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်လိုသည့် သဘောဖြင့် တပ်မတော်မှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်လည်းကောင်း၊ အချို့မီဒီယာများကလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့်လည်းကောင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲပြောဆို ရေးသားလျက်ရှိသည်။


အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ မြေပြင်သတင်းဖော်ထုတ်ချက်များ၊ အမာခံသတင်းပေးများ၏ သတင်းပေးပို့ချက်များအရ မုန်လိုင်ချက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအမိုနီယမ်နိုက်ထရိတ်(ယမ်း)များမှာ KIA အဖွဲ့မှ ခေါင်းဆောင်များနှင့် ဒေါ်အားလီ(အားလီကျဲ)တို့ ပိုင်ဆိုင်ကြောင်း၊ ၎င်းဂိုဒေါင်အတွင်း အမိုနီယမ်နိုက်ထရိတ်(ယမ်း) ၁၀၅တန်ခန့်နှင့် အခြားပေါက်ကွဲစေတတ်သောပစ္စည်းများ သိုလှောင်ထားကြောင်း၊ အောက်တိုဘာလ ၉ ရက်ညနက်ပိုင်းတွင် မတော်တဆမှုတစ်ခုခုကြောင့် ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသည့် အကြောင်းအရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနယ်စပ်ဂိတ်တွင်လည်း တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များက အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


အလားတူ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်အနီး လိုင်စင်ပို့စ်အနီး ခဲယမ်းသိုလှောင်ရုံတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်တွင် လိုင်ဇာဒေသ၊ ဂျာထူဂေါင်ရှိ မိုင်းစက်ရုံ၌လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ခဲယမ်းနှင့်မိုင်းများ အကြီးအကျယ် ပေါက်ကွဲပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး KIA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်သေကြေဒဏ်ရာရရှိခဲ့ကြောင်းလည်း Social Media များမှတစ်ဆင့် တွေ့မြင်သိရှိကြပြီးဖြစ်ပါသည်။


တပ်မတော်အနေဖြင့် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် အထိ ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ ထို့ပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပြီး မကြာမီကာလတွင်လည်း NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ကို အနှစ်သာရရှိရှိကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း တက်ရောက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့အထိငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)