Pages

Pages

နွားထိုးကြီးမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး


MNP ၊ အောက်တိုဘာ   ၁၀

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ နွားထိုးကြီးမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်ရှိ ညောင်ပင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သွားရောက်ငှားပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝထ္တုများနှင့်ရုပ်ပြစာအုပ်များကို စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် သွားရောက်ငှားပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ပေးခဲ့ကြောင်းနှင့် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ပြီး အပတ်စဉ် စာအုပ်/စာစောင်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သန်းအောင်ဇော်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق