MNP ၊ အောက်တိုဘာ ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် ဟိုပုံးမြို့ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာသီရိအရှင်သူမြတ် သီတင်းသုံးရာကျောင်းတိုက်သို့သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒခံယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နောင်တောင်းဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် OXFORD ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ သီတင်းသုံးရာ ကျောင်းတိုက်သို့သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒခံယူသည်။
ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် OXFORD ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိက သာသနာတော် ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က Registration Procedure အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုကြားသိရပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံမိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق