Pages

Pages

မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာအနီး PDF အကြမ်းဖက်စခန်းကို ရှင်းလင်းဖယ်ရှားရာ အကြမ်းဖက်သမား ၄ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ





MNP ၊ အောက်တိုဘာ ၁၀

မြိုင်မြို့နယ် ကျောက်ဖူးကျေး ရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ အောက်တိုဘာလ ၁၀ ရက် နံနက် ၆ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ၄ဦး အသေရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါ PDF အကြမ်းဖက်စခန်းမှ အမ်-၂၂ သေနတ် ၁ လက်၊ BTS-12 Bull Pup Shot Gun  ၁ လက်၊ လက်လုပ်သေနတ်(အရှည်) ၃ လက်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ BTS-12 Bull Pup Shot Gun ကျည်အိမ် ၁ ခု၊ ၁၂ဗို့ ကျည် ၅ တောင့်၊ ၁၀ ယောက်အိပ်လူနေတဲ ၃ လုံး၊ မီးဖိုတဲ ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရရှိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေသော နီပိန်း PDF အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးကို လုပ်ဆောင်နေကြရပြီး ယခုလ ပထမပတ်အတွင်း အသေဖမ်းဆီးရမိ အကြမ်းဖက်သမား (၁၇)ဦး နှင့် အရှင်ဖမ်းမိ (၆)ဦး အထိ ရှိခဲ့သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق