Pages

Pages

ဇလပ်ထော်တမံ SpillWay ရေပိုလွှဲ ပြင်ဆောင်ရွက်ပြီး ဖြစ်သဖြင့် စိုးရိမ်ရသည့်အခြေအနေ မရှိတော့ကြောင်း သတင်းထုတ်ပြန်






MNP ၊ အောက်တိုဘာ ၁၁

ပဲခူးမြိုနယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်မိုးရွာသွန်းခဲ့မှုကြောင့် ဇလပ်ထော်ဆည်အတွင်း ‌ ရေဝင်ရောက်မှု များပြားခဲ့ရာ အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါတမံ၏ ရေပိုလွှဲမြေသားနံရံ အနည်းငယ်ပျက်စီးခဲ့သည်။

ယခုအခါ ရေပိုလွှဲအား ယာယီပိတ်ထားပြီး စက်ယန္တရားကြီးများဖြင့် နေ့ညမပြတ်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။ တမံရေများ ထုတ်လွှတ်မရှိတော့သဖြင့် ပြည်သူများ စိုးရိမ်စရာမရှိတော့ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆည်မြောင်းတာဝန်ခံပညာရှင်များက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق