MNP ၊ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများ Youth Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Youth Club အသင်းမှအဖွဲ့ဝင် မဝင်းဝင်းနွယ်က စာရေးဆရာ အောင်သင်းရေးသားသည့် “လူငယ်ဇွဲနှင့် ဤပညာနှင့်အခြားဆောင်းပါးများ” စာအုပ်ထဲမှ လူငယ်ဇွဲနှင့်ဤပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ရွှေမိက ပဒတ္ထိုင်းက သမီးလေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာကျော်က လေးစားလောက်တဲ့လူငယ်တွေခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် ဒေါ်ရွှေမိကမိခင်တစ်ယောက်က မိခင်တိုင်းမလုပ်နိုင်ပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ သားသမီးမှ အပြစ်ရှိလို့ရိုက်စေဦးတော့ အမျက်ဒေါသမပါဘဲ အေးအေးဆေးဆေးရိုက်သင့်ကြောင်း၊ သားသမီးနဲ့အေးအေးဆေးဆေးစကားပြောဖို့ အချိန်ပေးသင့်ကြောင်း၊ မူလတန်းလိုကလေးငယ်တွေကိုမုန့်အချိုစသည်တို့နဲ့ ဖြားယောင်းဆုံးမရကြောင်း၊ မူလတန်းအရွယ်လောက်မှာ ကြိမ်တံဖျာများနဲ့ ဆုံးမပဲ့ပြင်ရကြောင်း၊ အလယ်တန်းရောက်တဲ့အခါသူငယ်ချင်းကဲ့သို့ ပဲ့ပြင်ရတယ်လို့အဆိုရှိကြောင်း၊ အရေးကြီးတာက သူတို့နဲ့စကားပြောနိုင်ဖို့အချိန်ပေးပါ၊ သူတို့တွေ့တာကြုံတာလေးတွေကို ပြန်ပြောရင်လည်း စိတ်ဝင်တစားနားထောင်ပေးပါ၊ ချီးမွမ်းဖို့ဝန်မလေးပါနဲ့နှင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق