MNP ၊ နိုဝင်ဘာ ၂၈
ရှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့အနီးတွင် TNLA ဦးဆောင်သော အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ဘေးရှောင်ပြည်သူ ၆၆၆ ဦး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း အောင်ဓမ္မာရုံ(နောင်ပိန်)၊ ရှမ်းကျောင်း (နောင်ပိန်)၊ ပုဗ္ဗာရုံ (နောင်ပိန်)၊ မန်ခါရွာ၊ ဘန်ကောက်ကျောင်း၊ ပါပုတ်ရွာတို့တွင် စစ်ဘေးရှောင် စခန်းများ ဖွင့်လှစ်ထားပြီး ဆရာတော်သံဃာတော်များနှင့် ပရဟိတအသင်းများက စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့က ကျောက်မဲမြို့ နမ့်ဟူးကျေးရွာ(နမ့်ဟူး ဂေါ်ရခါးရွာ) ဘုန်းကြီးကျောင်းမှ သံဃာတော်(၁)ပါး လက်နက်ကြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာသူ/သားများမှ ဆက်သွယ်အကူအညီ တောင်းလာသဖြင့် နမ့်ခုံး ရှမ်းများပရဟိတအသင်းခွဲ(ကျောက်မဲ )မှ ညတွင်းချင်းသွားရောက် သယ်ယူ၍ ကျောက်မဲပြည်သူ့ဆေးရုံ OPD သို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo Crd -
https://t.me/MyanmarNationalPost



No comments:
Post a Comment