ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ဘုရား စေတီပုထိုးများတွင် ကုသိုလ်ဖြစ် စတုဒီသာကျွေးမွေး၊ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့်အတူ ဆီမီး ၂၀၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ဘုရား စေတီပုထိုးများတွင် ကုသိုလ်ဖြစ် စတုဒီသာကျွေးမွေး၊ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့်အတူ ဆီမီး ၂၀၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်

MNP ၊ နိ၀◌င်ဘာ ၂၈

 မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် မြန်မာ့ရိုးရာ အစဉ်အလာမပျက် တန်ဆောင်တိုင်ပွဲတော်ကို ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် ကုသိုလ် ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိရာ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ယခင်နှစ်များနည်းတူ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရှင်ဥပုဂုတ္တမထေရ်ဖောင်တော်နှင့် ဆီမီး ၂၀၀၀၀ ရေမျှောပူဇော်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သည်။ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်သို့ သွားရောက်ပြီး စေတီတော်၌ ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်၍ ကုသိုလ်ကောင်းမှုပြုသူများအား စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက‌ အံတော်ရှင်စေတီတော်၌လည်း ကုသိုလ် ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိရာ စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်အတွင်းရှိ ပြည်သူ့ရင်ပြင်တွင် အများပြည်သူ အပန်းဖြေနိုင်ရေး ရောင်စုံအလှမီးများ ထွန်းညှိပူဇော်ထားရှိမှု၊ ဒေသခံတိုင်းရင်းသားအဆိုရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် တန်ဆောင်တိုင် ပွဲတော် ကျင်းပပြုလုပ်လျက်ရှိရာ စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ထို့အပြင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း၌လည်း ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့် ဆီမီး ၂၀၀၀၀ ရေမျှောပူဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ လောကမာန်အောင်ဆုတောင်းပြည့် စေတီတော်အနီး ဧရာဝတီမြစ်ကမ်းနားမှ လည်းကောင်း၊ ဧရာဝတီမြစ်အတွင်းမှ စက်လှေများဖြင့် လည်းကောင်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူအများအပြားက ရှင်ဥပဂုတ္တဖောင်တော်နှင့်အတူ ဆီမီး ၂၀၀၀၀ ထွန်းညှိ၍ ရေမျှောပူဇော်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းဆုံ မြစ်ကမ်းဘေးမှ ပူဇော်ခဲ့ကြပြီး မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။






ထို့နောက် တန်ဆောင်တိုင်ပွဲတော် အခမ်းအနားကို ကမ်းနားလမ်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းရင်းသားရိုးရာ အကအလှများ၊ ဒိုးပတ်အကအဖွဲ့နှင့် ဒေသခံတိုင်းရင်းသားအဆိုတော်များ၏ သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)