ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊နိဝ◌င်ဘာ ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လက်တွဲညီညီဆောင်ရွက်ခဲ့ကြပါကြောင်း၊ လက်ရှိအခြေအနေတွင် ဌာနဆိုင်ရာများအားလုံးသည် အစိုးရအဖွဲ့နှင့်အတူညီညီညာညာဖြင့် ပေါင်းစည်းပြီး ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းစိတ်ဓာတ်နှင့်အညီ နိုင်ငံတော် အပေါ်တွင်၊ အစိုးရအပေါ်တွင် သစ္စာစောင့်သိရန်လိုအပ်မည်ဖြစ်ကြောင်း၊ မဟုတ်မမှန်သော သတင်းများအပေါ်တွင် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဝန်ထမ်းများကို မိမိတို့အတွေ့အကြုံဖြင့် သုံးသပ်ရှင်းလင်း ပြောပြနိုင်ရမည်ဖြစ်ကြောင်း၊ အလားတူဝန်ထမ်းများအား ရုံးနှင့်ပတ်သက်သည့်ရုံးသုံး ပစ္စည်းများ၊ စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေးမှာကြားထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့လက်အောက်ရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဝန်ထမ်းများကို အချင်းအချင်း မိမိတို့လုပ်ငန်းများ၊ မိမိဒေသ၏ အခြေအနေများကို အဆက်အသွယ်လုပ်ပြီး ရုံးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ဆောင်ချက်များကို အထက်ဌာနများသို့ တင်ပြရာတွင်လည်း ပြည်နယ်အစိုးရအဖွဲ့သို့ပါ တစ်ပါတည်းတင်ပြရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်မှ လိုအပ်၍ တောင်းခံ လာလျင်လည်း မိမိတို့အစိုးရအဖွဲ့မှသိရှိပြီး အချိန်နှင့်တပြေးညီ ပြန်လည်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အုပ်ချုပ်မှုကိစ္စအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့က ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ အလားတူမိမိတို့ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက် ဌာနဆိုင်ရာအကြီးများအနေဖြင့် လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ဝန်ထမ်းများ၏လစာ ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီး ဆောင် ရွက်ကြစေလိုကြောင်းနှင့် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ၊ ဆက်သွယ်ရေးကိစ္စရပ်များ၊ ခရီးသွားလာခွင့်ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်များ၊ ပြည်ထောင်အစိုးရ အဖွဲ့၏ ညွှန်ကြားချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှင်းလင်းတင်ပြကြသည်။တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် အတွင်း၌ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များအား ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရာသီတုတ်ကွေးကာကွယ်ဆေးထိုးနှံနေမှုအား လှည့်လည် ကြည့်ရှု ဖူးမြော်ကြသည်။ဆရာတော်ကြီးများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးကြပြီး ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး Influenza Vaccine(Vaxigrip Tetra) ထိုးနှံပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)