ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများမှတာဝန်ရှိသူများကို အွန်လိုင်းမှ တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများမှတာဝန်ရှိသူများကို အွန်လိုင်းမှ တွေ့ဆုံ



MNP ၊ ဇန်နဝါရီ ၆

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့က ခရီးသွား လုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများမှ တာဝန်ရှိသူများ ကို ဝန်ကြီးဌာန၏ နီလာခန်းမမှ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံသည်။


တွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာဘာသာရပ်များကို သင်ကြား ပို့ချနေသော သင်တန်းကျောင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ခံများက အွန်လိုင်းမှတက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုရန်အတွက်လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးရန်လိုအပ်လျက်ရှိပြီး Tourism Industry အတွင်း ပါဝင်လုပ်ကိုင်နေသူများ၊ အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးသောဘာသာရပ်များ၊ သင်ခန်းစာများနှင့် သင်ရိုးညွှန်းတမ်းများမှာ ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်နှင့်ကိုက်ညီမှုရှိရန်လိုအပ်ပြီး ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲမှုများကို ပြုပြင်ထည့်သွင်းသင်ကြား ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ အာဆီယံအဆင့် သင်ရိုးညွှန်းတမ်း များကို အခြေခံထားအသုံးပြုခြင်းဖြင့် သင်တန်းကျောင်းများမှ သင်ကြားပို့ချရာ၌ တစ်ပြေးညီဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံအဆင့်၊ အာဆီယံအဆင့် ကျွမ်းကျင်မှုလက်မှတ်ရရှိသူများ မွေးထုတ်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီး ဌာနအနေနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်းကျွမ်းကျင်မှုလိုအပ် ချက်ကွာဟမှုလျော့ပါးစေရန် ASEAN National Trainer (TOT) ဆရာဖြစ် သင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။


ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်း လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေး အာမခံချက်ရှိစေရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးနေသော သင်တန်းကျောင်းများက အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင် ပေးကြစေလိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသူများကသက်ဆိုင်ရာကဏ္ဍ အလိုက် အကြံပြုဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)