ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် အဖွဲ့ဝင်များ ရန်ကုန်တိုင်းဒေသကြီး ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် အဖွဲ့ဝင်များ ရန်ကုန်တိုင်းဒေသကြီး ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး








MNP ၊ ဇန်နဝါရီ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဦးခင်ရီဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ပါတီတာဝန်ရှိသူများသည် ဇန်နဝါရီလ (၁)ရက်နေ့က ရန်ကုန်မြို့ သံလွင်လမ်းရှိ ပါတီဌာနချုပ်(ရုံးခွဲ) ၌ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ၏ဗဟိုဥက္ကဋ္ဌဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်း၊ ပါတီ၏ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ် ဌဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူးတာဝန်ခံ ဦးမောင်မြင့်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)ဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်)ဥက္ကဋ္ဌ ဦးအောင်ချိုဦး နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ တက်ရောက်လာကြသောပါတီဝင်များအား နှစ်သစ်ကူးဆုမွန်ကောင်းတောင်းခဲ့ပြီး အမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံတော်၏လတ်တလောအခြေအနေများ၊ ၂၀၂၀ ပါတီစုံရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသောဖြစ်စဉ်များ၊ မိမိ တာဝန်ယူခဲ့သောပါတီ၏ တစ်နှစ်တာကာလအခြေအနေများ၊ ပါတီဝင်များစီစစ်ခဲ့မှု၊ပါတီ၏ ရေရှည်မျှော်မှန်းချက်များ၊ ပါတီ၏သက်ဆိုင်ရာအဆင့်ဆင့်မှ အားသွန်ခွန်စိုက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ စသည်တို့ကို အကျယ်တဝင့်ချပြ ဆွေးနွေးရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများအားရင်းနှီးစွာ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ရန်တိုင်းဒေသကြီးအတွင်းမှ ပါတီတာဝန်ရှိသူ (၆၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)