Pages

Pages

ပေါင်မြို့နယ်၌နွေစပါးစိုက်ပျိုးပြီးစီးမှုများကွင်းဆင်းကြည့်ရှု





MNP ၊   ဇန်နဝါရီ     ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌နွေစပါးစိုက်ပျိုးပြီးစီးမှုများ ကွင်းဆင်းကြည့်ရှုခြင်းကိုယနေ့ နေ့လယ်က ရွာတန်းရှည်ကျေးရွာနှင့်ဖြူဘကျေးရွာ များ၌ ကြည့်ရှုခဲ့သည်။

နွေစပါးကွင်းဆင်းကြည့်ရှုခြင်းကို သထုံခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးမင်းစိုး ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်နှင့်ဝန်ထမ်းများက  ရွာတန်းရှည်ကျေးရွာရှိ တောင်သူ ဦးဟန်ဝင်းအောင်၏ (၉.၇၅)ဧကရှိ ရတနာတိုးစိုက်ခင်းအားလည်းကောင်း၊ဖြူဘကျေးရွာရှိ တောင်သူဒေါ်ညွန့်‌ဝေ၏ (၅)ဧက ရှိရတနာတိုးစိုက်ခင်းနှင့်ဦးရာဂျား၏ စိုက်ဧက (၈.၃၃)ဧကရှိ ရတနာတိုး စိုက်ခင်း အားလည်းကောင်း သွားရောက်ကြည့်ရှူခဲ့သည်။

ပေါင်မြို့နယ်အတွင်း ယခုနှစ် နွေစပါး  (၁၉၄၄၆) ဧက လျာထားခဲ့ရာ စိုက်ပျိုးပြီးစီးမှု ( ၁၆၅၄၂ ) ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်းနှင့် ကျန်ရှိသောစိုက်ဧကများအား ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق