ပိုင်ကျုံမြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ကိုင်းမြေတွင် ဆေးရွက်ကြီး(ခေါ်)ဗမာဆေးရွက်ကြီးများ စိုက်ပျိုးထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ကိုင်းမြေတွင် ဆေးရွက်ကြီး(ခေါ်)ဗမာဆေးရွက်ကြီးများ စိုက်ပျိုးထား

MNP ၊ဇန်နဝါရီ ၆

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့တွင် မိသားစုပိုင်ကိုင်းမြေများ၌ ဆေးရွက်ကြီး(ခေါ်) ဗမာဆေးရွက်ကြီးများ စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ ဆေးရွက်စိုက်တောင်သူများသည် ကိုယ်တိုင်အသုံးပြုရန်နှင့် ရောင်းချရန်စိုက်ပျိုးကြသည်။ “ဆေးရွက်ကြီးလို့ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ”ကြောင်း၊ ဆေးရွက်ကြီးက ရောဂါဖြစ်စေတာ မှန်ပေမယ့် ဆိုးကျိုးသက်သက်ပဲရှိတဲ့အပင်မျိုး မဟုတ်ပါဘူး။ သူ့မှာလည်းကောင်းကျိုးတွေရှိပါတယ်။ ဆေးရွက်ကြီးများ ရောင်းချရသည့်အချိန်တွင် ဆေးရွက်ကြီးတစ်ပိဿာလျှင် (၃၅၀၀၀ မှ ၅၀၀၀၀)ကျပ်ထိ ရောင်းချရကြောင်း ဆေးရွက်ကြီးစိုက်တောင်သူများထံမှ သိရပါတယ်။ ဆေးရွက်ကြီးက တန်ဆေးလွန်ဘေးဆိုသလို အနည်းအကျဥ်းသုံးရင် ဆေးဖတ်ဝင်ပေမယ့် အလွန်အကျွံသုံးရင် ထိခိုက်မှုများရှိနိုင်ပါသည်ဟု တောင်သူများက ဗဟုသုတရဖွယ်ပြောပြထားပါသည်။ တောင်သူများသည် ဆေးရွက်ကြီးကို စိုက်ခင်းများတွင် ကျရောက်သော ပိုးမွှာများဒဏ်မှ ကာကွယ်နိုင်ရန်အတွက်လည်း စိုက်ပျိုးကြကြောင်း သိရပါသည်။

ပိုင်ကျုံမြို့ရှိ ကိုင်းမြေလုပ်ကိုင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆေးရွက်ကြီးပင်များကို နှစ်စဉ်မိမိတို့ပိုင်စိုက်ခင်းများ၌ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။


နော်ခူး

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)