Pages

Pages

အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ




MNP ၊ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၉ ရက်နေ့မှစတင်၍ အားကစားနည်း (၁၁)နည်းအား ဆပ်ကော်မတီအသီးသီးမှ ပြိုင်ပွဲများအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများမှာ ဖူဆယ်ပြိုင်ပွဲ၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဘီလီယက်နှင့် စနူကာ၊ အပြေးမီတာ (၁၀၀၀၀)နှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများတွင် ဆုရရှိသော အသင်းများအား ဇန်နဝါရီလ (၄) ရက်နေ့ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق