အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

 






MNP ၊ ဇန်နဝါရီ ၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ဒို့ကျေးရွာဂျာနယ်ကို လူငယ်များ ဖတ်ရှုလေ့လာကြစေရန်ရည် ရွယ်၍ ဒို့ကျေးရွာဂျာနယ် အတွဲ (၂၀) အမှတ်(၁၇)မှ မောင်မြင့် သိန်း(စက်မှုတက္ကသိုလ်) ရေးသားသည့် လူငယ်များနှင့် မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်မှုဆောင်းပါးဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

   ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် စာပေမြတ်နိုးသူ ကျောင်းသားကျောင်းသူ လူငယ်များ၏ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်  ဒို့ကျေးရွာဂျာ နယ် အတွဲ(၂၀) အမှတ်(၁၇)မှ မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) ရေးသားသည့်  မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်ခြင်းဟာ လေ့လာဆည်းပူခြင်းမှ ရရှိလာတဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်း၊ အဖြေများအတွက် တူးဆွဖော် ထုတ်ကြည့်ခြင်းနဲ့ အတိတ်ယူဆ ချက်တွေ သို့မဟုတ် အမြင်ရှု ထောင့်တွေကို ကန့်သတ်ထားတဲ့ အမှန်တရားတွေကိုကြည့်ခြင်းဖြင့် မဟာဗျုဟာဆန်တဲ့စဉ်းစားဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီးဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်နှင့်စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးဝင်းတို့က လူငယ်တွေ အတွေအကြုံမှရရှိတဲ့အသိပညာနဲ့  

စဉ်းစားဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နိုင်ရန်၊ အရေးပါတဲ့ကိစ္စရပ်တွေရဲ့ အချက်အလက်တွေအပေါ်မှာ အာရုံစိုက်ပြီးဆောင်ရွက်ကြရန်၊ မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်ကြစေလိုကြောင်းအကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြသည်။

   ထို့နောက် စာပေမြတ်နိုးသူ Book Club  အသင်းဝင် မခင်သူ၊ မခင်စုစုဝင်၊ မမြူလင်းချို၊မသန်းရီ၊ မအေးမအးမွန်နှင့် တက် ရောက်သူများက လူငယ်များနှင့် မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်မှု ဆောင်းပါးပါ အ ကြောင်းအရာများကို ဆွေးနွေး၍ သိရှိလိုသည့်အကြောင်း အရာများအား မေးမြန်းကြရာ ဦးစီးအရာရှိဦးစန်းဝင်းက သိရှိလိုသည်များအား ရှင်းလင်းဖြေကြားဆွေးနွေးပေးခဲ့သည်။

  ယင်းနောက် အမ်းမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်

သဘာဝဘေးအန္တ ရာယ်နှင့်ပတ် သက်သည့် အသိပညာပေး နံရံ ကပ်စာစောင်ပါ အကြောင်းအရာများအား ကျောင်းသားကျောင်း သူ လူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)