MNP ၊ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး အတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ နည်းပညာ တက္ကသိုလ်၌ ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုန်ဈေးနှုန်း ထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန် လုံလောက်မှုရှိစေရေး ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှု ကော်မတီ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လက်လီရောင်းချပေးလျက်ရှိရာ ပြည်သူများကို တစ်ဦးလျှင် ဆန်တစ်ပြည် (၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်(၂၀)အိတ်နှင့် စားသုံးဆီ တစ်ပိဿာ(၅၂၅၀)ကျပ်နှုန်းဖြင့် (၁)ပေပါ၊ ကြက်ဥတစ်လုံးလျှင်(၂၅၀)နှုန်းဖြင့် ကြက်ဥအလုံး (၁၀၀၀)နှင့် ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်နှုန်းဖြင့် ဘဲဥအလုံး(၅၀၀)တို့ကို စနစ်တကျတန်းစီပြီး လက်လီရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق