ဟိုင်းကြီးကျွန်းမြို့၌ ဆောင်းသီးနှံနေကြာများ ကွင်းပိတ်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ ဆောင်းသီးနှံနေကြာများ ကွင်းပိတ်စိုက်ပျိုး


MNP ၊ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဆီထွက်သီးနှံများ အထွက်တိုးစေရေးအတွက် ဆောင်းသီးနှံနေကြာများစိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မရမ်းကွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာအုပ်စုနှင့် ဒီးဒူးကုန်းကျေးရွာ အုပ်စုတို့ရှိ လယ်မြေ(၄)ဧကတို့၌ ဆောင်းသီးနှံနေကြာများ ကွင်းပိတ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်တောင်သူများအား နေကြာစိုက်ပျိုးရာမှာ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုး ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများ၏ လက်ဝယ်သို့ ဆောင်းသီးနှံနေကြာမျိုးစေ့များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် မရမ်းကွင်းကျေးရွာအုပ်စု၊မရမ်းကွင်းကွင်း၊ကွင်းအမှတ်-၆၆၄၊ တောင်သူ ဦးကြည်မြင့်၊ ဦးပိုင်အမှတ်-၃၏ လယ်မြေ(၁)ဧက၊ အုတ်တွင်းကျေးရွာအုပ်စု၊ ကုန်းကြီးအနောက်ကွင်း၊ ကွင်းအမှတ် 1793AW၊ ဦးပိုင်အမှတ်-27/3၊ တောင်သူဦးသိန်းလွင်၏ ၊ လယ်မြေ(၂.၅)ဧကနှင့် ဒီးဒူးကုန်းကျေးရွာအုပ်စုကျေးရွာအုပ်စု၊သာယာကုန်းကျေးရွာ၊ကုန်းကြီးအလယ်ကွင်း၊ကွင်းအမှတ်-1793B၊ ဦးပိုင်အမှတ်(10/2)၊တောင်သူ ဒေါ်ယဉ်ရွှေ၏ လယ်မြေ(ဝ.၅)ဧကတွင် ဆောင်းသီးနှံနေ ကြာမျိုးစေ့များအား လက်တွေ့စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


လှိုင်မျိုးအောင် 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)