မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းဖွင့်လှစ်

MNP ၊ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ဘီလူးကျေးရွာ အုပ်စု စုစည်းအောင်မြေကျေးရွာ၌ ယမန်နေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်လှစ်ရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ကျေးရွာကော်မတီမှ တာဝန် ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ၎င်းလမ်းအား ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် လမ်းအရှည်ပေ (၁၁၀၀)၊ အကျယ် (၁၂)ပေနှင့် ထု (၆)လက်မ အတိုင်းအတာအား စီမံကိန်းနိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၅၀)ဖြင့် ကျေးရွာနေပြည်သူများ၏ လုပ်အားပူးပေါင်းဆောင်ရွက်ကာ မြို့နယ်ကျေးလက်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စက်တင်ဘာ ဒုတိယပတ်မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ စတုတ္ထပတ်တွင် လုပ်ငန်းရာခိုင်နှုန်းပြည့်ပြီးစီးခဲ့ကြောင်းနှင့် ၎င်းလမ်းအား အိမ်ခြေ (၆၆)အိမ်နှင့် လူဦးရေ (၄၅၀)ဦးတို့အတွက် ရာသီမရွေးသွားလာနိုင်မည်ဖြစ်၍ များစွာအကျိုးပြုသွားမည်ဖြစ် ကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)