ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားတွေ့ဆုံ

 


MNP  ၊  ဇန်နဝါရီ  ၂

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်၍ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံပြီး ဂုဏ်ပြုအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲကို စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် ယနေ့နံနက်ပိုင်း ကျင်းပရာ စစ်တွေမြို့နယ် ရပ်ကွက်အသီးသီးမှ မွေးစမှ အသက် (၆)လအထိ ကလေးငယ်များ၊ အသက်(၆)လမှ  အသက်(၁)နှစ်အထိ ကလေးငယ်များ၊ အသက်(၁)နှစ်မှ (၁)နှစ်(၆)လအထိ ကလေးငယ်များ စုစုပေါင်း ၁၅၀ ဦး လာရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ကလေးများ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုတို့ကို ဒိုင်အဖွဲ့ (၃)ဖွဲ့နှင့် ဒိုင်ချုပ်(၁)ဖွဲ့ဖြင့် ပေးကြသည်။

အဆိုပါ ကလေးပြိုင်ပွဲသို့ ရခိုင်ပြည်နယ် တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြိုင်ပွဲဝင်ကလေးများ ယှဉ်ပြိုင်နေမှုကို လာရေက်ကြည့်ရှုအားပေးကြပြီး မုန့်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးများကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)