ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင်( ၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ကဗျာရွတ်ပြိုင်ပွဲနှင့်နံရံကပ်စာစောင် ၊စာအုပ်စာစောင်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင်( ၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ကဗျာရွတ်ပြိုင်ပွဲနှင့်နံရံကပ်စာစောင် ၊စာအုပ်စာစောင်ပြပွဲကျင်းပ




MNP ၊ ဇန်နဝါရီ  ၅

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌   (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာ စောင်၊ စာအုပ်စာ စောင်ပြပွဲကို ယမန်နေ့  နေ့လယ် ပိုင်းက ကျင်းပခဲ့သည်။

      အခမ်းအနားတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာကြီး ဦးမြင့်ဦးက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်း များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူလေးများက (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

     ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုလက်ဆောင်များအသီးသီး ဆုချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်မှု မှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့် နံရံကပ်စာစောင်၊လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး  နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြခြင်း ၊စာအုပ်စာစောင်ပြသခြင်းနှင့်( ၇၆)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေ သည့် "သတင်းစကား" လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)