MNP ၊ ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (OROP)စီမံချက်ရေးဆွဲနိုင်ရေး တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တိုင်းဒေသကြီးအနေဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) ထုတ်လုပ်နိုင်မည့် ထုတ်ကုန်များအဖြစ် ရော်ဘာ၊ ဆီအုန်း၊ ရေထွက်ကုန် (ငါး၊ ပုစွန်၊ ဂျင်းခရု)၊ ကွမ်းသီးထုတ်ကုန်များကို (OROP) အစီအစဉ်အကောင်အထည်ဖော်ရေး စီမံချက် (Action Plan)အား ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် OROP ထုတ်ကုန်များအား အခြေပြု၍ စဉ်းစားပြီး ထုတ်ကုန်အမယ်စာရင်းများအား ပြန်လည်စိစစ်သွားရန်နှင့် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ကွမ်းသီးထုတ်ကုန်အစားငှက်သိုက် ထုတ်ကုန်ပြောင်းလဲပေးနိုင်ရန် ငှက်သိုက်ထုတ်ကုန် စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရန်အတွက် ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထုတ်ကုန်များအလိုက် (One Region One Product) စီမံချက်များရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်၍ ကော်မတီအလိုက်တက် ရောက်လာသောသက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန်၊ စီမံချက်များအား လက်ရှိမြေပြင် အခြေအနေများနှင့် ကိုက်ညီအောင်ရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ပူးပေါင်းချိတ်ဆက်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန်နှင့် ထုတ်ကုန်အလိုက်ကော်မတီဥက္ကဋ္ဌများက ဦးဆောင်၍ အဖွဲ့ဝင်ဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်ဆွေးနွေးညှိနှိုင်းပြီး အောင်မြင်အောင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တွဲဖက်တွင်းရေးမှူးက ထုတ်ကုန်အလိုက်(OROP) စီမံချက်များရေးဆွဲနိုင်ရန် ရေးဆွဲရမည့်စီမံချက်ပုံစံ၊ (၃)လတစ်ကြိမ်တင်ပြရမည့် ဆောင်ရွက်မှုအခြေအနေများ၊ MSME လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)မှ ဆုံးဖြတ်ချက်၊ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌများက စိုက်ပျိုးရေးကဏ္ဍ၊ ရော်ဘာကဏ္ဍ၊ ရေထွက်ကုန်ကဏ္ဍ၊ ငှက်သိုက်ကဏ္ဍများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق