MNP ၊ ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာတွင် နေထိုင်သည့် မြင်းခြံမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ၏ နေအိမ်ပေါ်သို့ PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ (၁) ရက် ညနေ (၃) နာရီခန့်အချိန်က အနိမ့်ကျေးရွာတွင်နေထိုင်သည့် မြင်းခြံမြို့နယ် ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ဦးမန်းမြင့်နှင့် တူဖြစ်သူ ဦးမင်းသိုက် (ကြံ့ခိုင်ရေးပါတီ မြိုနယ်ကော်မတီဝင်)တို့ နေထိုင်သည့် နေ အိမ်အား PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb (၃) လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။
PDF အကြမ်းဖက်သမားများ ပစ်ချတိုက်ခိုက်သည့် ဗုံးများမှာ ဦးမန်းမြင့် နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၂) အိမ်မှ ခေါင်မိုးများ ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။
Photo Crd -
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق