ပြည်သူ့စစ်မှုထမ်းဥပဒေ အား ကြိုဆိုထောက်ခံပွဲများ ကျင်ပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေ အား ကြိုဆိုထောက်ခံပွဲများ ကျင်ပ








MNP ၊ ဖေဖော်ဝါရီ ၁၅

လှိုင်သာယာမြို့နယ်ရှိ မျိုးချစ်ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စုဝေးချီတက်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်ကာကွယ်ရေး နှင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် အရေးပါသော ပြည်သူ့ စစ်မှုထမ်းဥပဒေ တစ်နည်းအားဖြင့် အမျိုးသားစစ်မှုထမ်းစနစ်အား ကြိုဆိုထောက်ခံကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ မျိုးချစ်ပြည်သူ အင်အား (၁၀၀၀) ခန့်က သတ်မှတ် လမ်းကြောင်းအတိုင်း ချီတက် စုဝေးကြပြီး အားကစားကွင်း၌ ဦးဆောင်သူများနှင့် ပူးပေါင်း၍ မိမိနိုင်ငံနှင့်လူမျိုးအတွက် ကာကွယ် စောင့်ရှောက်ရန်၊ လိုအပ်ပါက တာဝန်များ ထမ်းဆောင်ရန် အသင့်ဖြစ်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံခဲ့ကြသည်။ 

အလားတူ ကျောက်တံတားမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် တွံ့တေးမြို့နယ်တို့တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ က ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)