ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး၊ ပြည်သူများထွက်ပြေးနေရဟု မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး၊ ပြည်သူများထွက်ပြေးနေရဟု မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 


MNP ၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများအား တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၁၆ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက်ပြေးနေရဟု မဟုတ်မမှန် သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။


အထက်ပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံ ပြည်သူများထံမှကြားသိရသောသတင်းများအရ အကြမ်းဖက် PNLA ၊ KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့များသည် ဘန်းယဉ်မြို့နယ် အတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရပြီး ကျေးရွာနေပြည်သူများမရှိခိုက် ရွာအတွင်း မွှေနှောက်ရှာဖွေခြင်း၊ ဈေးဆိုင်များမှ စားသောက်ကုန်များအား အတင်းအဓမ္မယူဆောင်ခြင်း၊ ရွာသားများအား ဖမ်းဆီးခေါ် ဆောင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။


ထိုသို့ဆောင်ရွက်နေမှုများကြောင့် တပ်မတော်နှင့်ဒေသကာကွယ်ရေး PNO (ပြည်သူ့စစ်)အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများက ထိုကျေးရွာများကို လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bobm ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုတို့ကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရ ခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းမှား များကို ဝါဒဖြန့်ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)