MNP ၊ ဖေဖော်ဝါရီ ၁၅
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ယနေ့ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အား ကြိုဆိုထောက်ခံရခြင်းနှင့် ပတ်သက်၍ အမျိုးသားရေးလှုပ်ရှားသူများက ပါဝင်ဟောပြောခဲ့ပြီး ဥပဒေပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများက ပြည်သူလူထု စိုးရိမ်သောက ဖြစ်စေရန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ လုပ်ဆောင်နေသည့် အပြင် PDF ကဲ့သို့သော အကြမ်းဖက်အဖွဲ့အတွင်း ဝင်ရောက်ရန် စည်းရုံးမှု လုပ်ဆောင်နေခြင်းကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များ ဆက်သွယ် မေးမြန်းနိုင်ရန် အစိုးက အသိပေးကြေညာထားသည်။
https://t.me/MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق