Pages

Pages

အိမ်မဲမြို့နယ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ


အိမ်မဲ  ၊  ဧပြီ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မိခင်နှင့် မွေးကင်းစမှ အသက်(၅)နှစ်အထိ ကလေးများအား ကျန်းမာသန် စွမ်းစေရေးနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ဆောင်ပုဒ်နှင့် အညီကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်၊ မီးတွင်းကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်၂ နှစ်အထိ ကလေးများအား ကာကွယ်ဆေးများအား ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးနေမှုများနှင့် ကာကွယ်ဆေး၏ တန်ဖိုးနှင့်အကျိုးကျေးဇူးများအား အသိပညာပေး ဆွေးနွေးခဲ့ပြီး ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှု Video Clip အားပြသခဲ့ပြီး တာဝန်ရှိသူများက အသက် (၆) လမှ (၁၁) လအထိကလေးများ၊ အသက် (၁) နှစ်မှ (၅) နှစ်အထိကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ချစ်သက်လယ် 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق