Pages

Pages

ပန်းတနော်မြို့ရှိ ဦးသန့်စာကြည့်တိုက်နှင့်ပြတိုက်သို့ ကမ္ဘာ့ကုလသမဂ္ဂတတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရုပ်ထုကို ပို့ဆောင်

 



ပန်းတနော်၊ ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းအုပ်ဆရာကြီး ကမ္ဘာကုလသမဂ္ဂတတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်ကို ဂုဏ်ပြုသောအားဖြင့် ပန်းတနော်မြို့အဝင် ရန်ကုန်- ပုသိမ်ကားလမ်းမကြီးဘေးတွင် တည်ဆောက်လျက်ရှိသော ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်သို့ ယမန်နေ့နံနက် ၇ နာရီက မြတောင်စာသင်တိုက်မှ ဦးသန့်ရုပ်ထုအား ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကမ္ဘာကုလသမဂ္ဂတတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရုပ်ထုကို ပန်းတနော်မြို့ မြတောင်စာသင်တိုက် ဒုတိယနာယကဆရာတော်ဦးကုမာရဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် နောင်လာနောင်သားများ လေးစားအတုယူအား ကျစေရန်ရည်ရွယ်၍ မြို့တွင်းသို့လှည့်လည်ကာ ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်သို့ပို့ဆောင်ပေးခဲ့ပြီး ဆရာတော်ဘုရားကြီးမှ ဦးသန့်အကြောင်းပီတိသြဝါဒစကားများ မြွက်ကြားခဲ့ကြောင်း သိရသည်။

မြတောင်စာသင်တိုက်၏ ဒုတိယနာယကဆရာတော်ဦးကုမာရသည် ပန်းတနော်မြို့တွင် ဦးသန့်အထိမ်း အမှတ်စာကြည့်တိုက်နှင့် ပြတိုက်တည်ဆောက်၍ ဂုဏ်ပြုထားရန်လွန်စွာ စိတ်အားထက်သန်လျက်ရှိကာ ၂၀၁၂ ခုနှစ်မှစတင်၍ အခက်အခဲပေါင်းများစွာကြားက ဦးစီးဦးဆောင်၍ တစိုက်မတ်မတ်ကြိုးပမ်း ဆောင်ရွက်ခဲ့သောဆရာတော်ဖြစ်ပြီး ဒေသအသီးသီးရှိ စေတနာရှင်အလှူရှင်များကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق