မိုင်းစံမြို့တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းစံမြို့တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်


မိုင်းစံ၊ မေ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မိုင်းရှူးမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီကစတင်၍ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်လဝကဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းများ၊ မိုင်းစံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူးရုံးမှ ဦးရန်နိုင်ဇော်နှင့် ဝန်ထမ်းများက မိုင်းစံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  မိုင်းစံမြို့နယ်ခွဲရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ရပ်ကွက်နေဒေသခံ မိဘပြည်သူများနှင့် မိသားစုဝင်များ၊  ကျေးရွာအုပ်စုများမှ ဒေသခံမိဘပြည်သူများနှင့် မိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ နေ့စဉ်ညနေ ၄ နာရီခွဲအထိ သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိုင်းစံမြို့တွင် လျှပ်စစ်မီးနှင့် Internet line များမရှိသည့်အတွက် Internet line သုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ပြင်ပလုပ်ငန်းရှင် အင်ဂျင်နီယာ ဦးခွန်သန်းညို၏ ကူညီမှုဖြင့် မိုင်းစံမြို့တွင် (Biometric) အချက်အလက်များ အဆင်ပြေချောမွေ့စွာဖြင့် ပထမအကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး အချက်အလက်များ ကောက်ယူရန် လာရောက်ဆောင်ရွက်သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးထွန်းမြင့်ဝင်းထံမှ သိရသည်။

ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database  တွင်သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID  နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)