ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်










ပဲခူး၊ မေ ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ နံနက် ၀၉ ၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ပဲခူးမြို့နယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး အစီအစဉ်အရ ပါတီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ " ပါတီသို့ အသစ်ဝင်ရောက်လာသူများသိသင့်သည့် အသင်းဘဝမှသည် နိုင်ငံတော်၏ သမိုင်းလိုအပ်ချက်အရ ပါတီအဖြစ်ပြောင်းလဲဖြတ်သန်းခဲ့သည့် မိမိတို့ပါတီ၏ သမိုင်းကြောင်း၊ မိမိတို့ပါတီ တံဆိပ်၊ အလံ၊ ဆောင်ပုဒ် တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပါတီ၏ ရေတို ရေရှည်ရည်မှန်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအမံများ " အား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း ပါတီဝင်အသစ်များ၏ အဆိုပြုလွှာ (၅၃၁)စောင်အား ပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး ပါတီဝင်အသစ်များထဲက တစ်ဦးမှ ပါတီသို့ဝင်ရောက်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး အခမ်းအနားကို နေ့လည် ၁၁ ၄၅ အချိန်တွင် ရုတ်သိမ်းခဲ့သည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊  ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပါတီဝင်သစ် (၅၃၁)ဦး စုစုပေါင်းအင်အား (၇၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)