Pages

Pages

ရွှေတောင်မြို့နယ်တွင် နွေရာသီ ယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ် စာစွမ်းရည် သင်ကြားပို့ချနေမှုများအား ကြည့်ရှုစစ်ဆေး





ရွှေတောင်  ၊  မေ- ၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ၊ နွေရာသီ (ယဥ်ကျေးလိမ္မာ၊အင်္ဂလိပ်စာစွမ်းရည် ) သင်တန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီး ကြပ်မှုဖြင့် ရွှေတောင်မြို့နယ် အတွင်းရှိ ( အထက်တန်း ၊အလယ်တန်း၊မူလတန်း) ကျောင်းများအားလုံးတွင် သင်တန်းသားဦးရေ (၁၄၁၄) ဦးဖြင့် ( ၁ - ၄ - ၂၀၂၄) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

    အဆိုပါ ဖွင့်လှစ်သင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဦးနှင့် အဖွဲ့ဝင်များက ယွန်းတန်းရပ်ကွက်၊အမက( ကမ်းနား) ကျောင်းတွင် ကျောင်းသား ၊ကျောင်းသူလေးများ နွေရာသီ ယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ် စာစွမ်းရည် သင်ကြားပို့ချနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား ၊ကျောင်းသူလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် အခြားလိုအပ်ချက်များအပေါ်  သက်ဆိုင်ရာ ပညာရေးဌာနရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق