စစ်ကိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ


မုံရွာ  ၊  မေ  ၄

စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

              ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် တာဝန်ရှိသူများမှ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းမြို့နယ်အသင်းနှင့် ဝက်လက်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ စစ်ကိုင်းမြို့နယ်အသင်းမှ ဝက်လက်မြို့နယ် အသင်းအား ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိသွားသည်။

               ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးရရှိကြသော အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆိုရရှိကြသော အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးဉပဒေချုပ် ဒေါ်လှလှဝင်းက တတိယဆုရရှိသော မုံရွာမြို့နယ်အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက တတိယဆုရရှိသော ခန္တီးမြို့နယ်အသင်းအမျိုးသားအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

               ဆက်လက်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က ဒုတိယဆုရရှိသော အင်းတော်မြို့နယ်အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဒုတိယဆုရရှိသော ဝက်လက်မြို့နယ်အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ပထမဆုရရှိသော ချောင်းဦးမြို့နယ် အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

              ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ပထမဆုရရှိသော စစ်ကိုင်းမြို့နယ် အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ပထမဆုရရှိသော ချောင်းဦးမြို့နယ် အမျိုးသမီးအသင်းအား တံခွန်စိုက်ဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပထမဆုရရှိသော စစ်ကိုင်းမြို့နယ် အမျိုးသားအသင်းအား တံခွန်စိုက်ဆုအားလည်းကောင်း ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။      


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)