ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် သဲကုန်းမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီး စီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် သဲကုန်းမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီး စီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး





သဲကုန်း၊ မေ ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် နှင့်အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊တာဝန်ခံခရိုင်ပညာရေးမှူး ဦးကျော်လှိုင်၊ ပြည်မြို့အစိုးရ

နည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး  ဦးမင်းဇော်ဦး၊  နတ်တလင်းခရိုင်ဦးစီးမှူး ဦးမြင့်ထွန်းတို့လိုက်ပါလျက် သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ဆောက်လုပ်လျက်ရှိသော စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း RCC ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား မေလ ၇ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ကျောင်းဆောင်သစ်ဆောင်ရွက်ပြီးစီးနေမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Bo Minn Bo Construction Co., Ltd. မှ တာဝန်ရှိသူက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် နှင့်အဖွဲ့အား  ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ ဝန်ကြီးမှ အရည်အသွေးပြည့်မှီရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြကြောင်း သိရသည်။

 အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းဆောင်သည် ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ (၄၅၃.၀၀၀)ကျပ်သန်းဖြင့် (၁၁၈ ပေ - ၉၆ ပေ) ၁ ထပ် RCC ကျောင်းဆောင်ဖြစ်ကြောင်းသိရသည်။

 ဆက်လက်၍ သဲကုန်းမြို့နယ် ၊ အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) သာဓုခန်းမတွင်Grade-9 အောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် တက်ရောက် သင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ကျောင်းသား မိဘများ၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်၊လယ်၊မူ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံ၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်း ကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း၊ အသေးစိတ် ရှင်းလင်းပြောကြားသည်။ဆက်လက်၍ပြည်မြို့အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာကြီး ဦးမင်းဇော်ဦးက စက်မှုဘာသာရပ်နှင့်သက်ဆိုင်သော သိကောင်းစရာများအား အသိပညာပေးဆွေးနွေးခဲ့ပြီး၊  နတ်တလင်းခရိုင်ဦးစီးမှူး ဦးမြင့်ထွန်းက စိုက်ပျိုးရေး/ မွေးမြူရေး ဘာသာရပ်နှင့် ပတ်သက်သော သိကောင်းစရာများအား အကျယ်တဝင့်အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။တက်ရောက်လာသူများကသိရှိလိုသည်များကိုမေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။


ကိုကျော်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)