မိုးကောင်းမြို့ အထက-နောင်ကိုင်တော်ကျောင်း၌ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကောင်းမြို့ အထက-နောင်ကိုင်တော်ကျောင်း၌ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဖွင့်လှစ်




မိုးကောင်း ၊  မေ  ၆


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းဆောင်ရွက်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်းကို အထက-နောင်ကိုင်တော်ကျောင်းခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အလေအလွင့် မဖြစ်စေရန်၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ မိမိကျောင်း/အိမ်/ပတ်ဝန်းကျင်တွင် သဘာဝဘေးအန္တရာယ်များနှင့် လူမှုကရုဏာဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်း အတတ်ပညာ ကျင့်သုံးဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရ သည်။


အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က သင်တန်းနှင့်ပတ်သက်၍ အမှာ စကားပြောကြားပြီး သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ လူနာဆန်းစစ်ခြင်း၊ ဆို့နင်ခြင်း၊ အရိုးကျိုးခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်း၊ ကိုင်တွယ်သယ်ဆောင်ခြင်း၊ ပတ်တီးစည်းနည်း၊ မိုင်းအန္တရာယ်အသိပညာပေးနှင့် အခြေခံလက်နက်မဲစစ်ရေးပြ ဘာသာရပ်များအား မြို့နယ်ကျောင်းများမှ အထက်ဆင့်၊ အလယ်ဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးတို့အား မေလ(၅)ရက်မှ (၇)ရက်ထိ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)