နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ဟိုပုံးမြို့ နမ့်ဟူးဘုန်းတော်ကြီးကျောင်း ဆရာတော်၏ အန္တိမဈာပနအား သွားရောက်ဖူးမြော်၊ အလှူတော်ငွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ဟိုပုံးမြို့ နမ့်ဟူးဘုန်းတော်ကြီးကျောင်း ဆရာတော်၏ အန္တိမဈာပနအား သွားရောက်ဖူးမြော်၊ အလှူတော်ငွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း





ဟိုပုံး၊ မေ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူးနှင့် အရာရှိကြီးများ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာအုပ်စု နမ့်ဟူးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် နမ့်ဟူး ဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယာမ၏ ရုပ်ကလာပ်တော်အား ဖူးမြော် ကြည်ညို၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ဟူးဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝါယာမသည် သက်တော် (၁၀၁) နှစ် ဝါတော် (၈၁) ဝါရှိပြီး ဧပြီ ၂၆ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ပျံလွန်တော်မမူမီ ဟိုပုံးမြို့နယ် ဇောတိကာ ရာမဩဝါဒါစရိယ၊ ပအိုဝ်းစာပေယဉ်ကျေးမှုပြန့်ပွားရေး၊ သံဃာအဖွဲ့ဩဝါဒါစရိယ၊ ဟိုပုံးမြို့နယ် သီရိမင်္ဂလာဩဝါဒါစရိယ၊ ဟိုပုံးမြို့နယ် ပရိယတ္တိပါလက စာမေးပွဲ ကြီး ဩဝါဒါစရိယ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေစာမေးပွဲကြီး ဩဝါဒါစရိယတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ဆရာတော်၏ရုပ်ကလာပ်တော်အား မေ ၆ ရက် မွန်းလွဲပိုင်းတွင် နမ့်ဟူးကျေးရွာ၌ မီးသင်္ဂြိုဟ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)