ဘိုကလေးမြို့နယ်မှ လယ်ယာမြေစိုက်ပျိုးသူများ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာ စိုက်ပျိုးသင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ်မှ လယ်ယာမြေစိုက်ပျိုးသူများ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာ စိုက်ပျိုးသင့်

 


လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ရာ ဘိုကလေးမြို့နယ်၏ လယ်ယာမြေများသည် ကုန်းဆန်သည့် သဘောသက်ရောက်သဖြင့် လယ်ယာမြေစိုက်ပျိုးသော တောင်သူများအနေဖြင့်မိမိတို့ လယ်ယာမြေအတွင်း၌ မိုးစပါးမစိုက်ပျိုးခင် ကြားကာလ၌ မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ စိုက်ပျိုးသင့်ပေသည်။


ပုံမှန်အားဖြင့် ယခုလမေလ ဒုတိယပတ်တွင် ဧရာဝတီတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မိုးစတင်ရွာသွန်းမည်ဖြစ်ရာ မိုးစတင်ရွာသွန်းချိန်၌ မိုးရေဖြင့် မိုးသီနှံများ၊ မိုးစပါးများ စတင်စိုက်ပျိုးမည်ဖြစ်သောကြောင့် ဘိုကလေးမြို့နယ်မှ လယ်ယာ စိုက်ပျိုးသူများ မိုးစပါးမစိုက်ပျိုးမီ ကုန်းပိုင်းလယ်ယာမြေများ၌ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်ထားသင့်သည်။


ကြဲပက်ပြီး အပင်(၄၅)ရက်သားမှ (၆၅)ရက်သားအတွင်း၌ လယ်ယာမြေများ၌ ပိုက်ဆံလျှော် ပင်များအား ထယ်ထိုးမြေမြုတ်ခြင်း၊ အပင်များအားရိတ်၍ စပါးမစိုက်မီ (၂)ပတ်အလို၌ တမန်းတွင်မြုတ်ခြင်းတို့ဖြင့် မိုးသီးနှံအတွက် သစ်စိမ်းမြေဩဇာ ရရှိနိုင်မည်ဖြစ်ပြီး ပိုက်ဆံလျှော်ပင် စိုက်ပျိုးခြင်းဖြင့် လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးသည်သာမက မြေဆီလွှာအတွင်းမှ သစ်ဆွေးဓာတ်များကိုလည်း တိုးတက်ကောင်းမွန်စေကြောင်း စိုက်ပျိုးရေးပညာရှင်များထံမှ သိရသည်။


မေလသည် နှစ်တစ်နှစ်၏ စိုက်ပျိုးရေးစတင်သောလ ဖြစ်သဖြင့် နှစ်သီးဖြစ်စေ၊ သုံးသီးဖြစ်စေ စိုက်ပျိုးသည့် ရာသီတိုင်း သီးနှံအထွက်တိုးရေး၊ မြေဩဇာစရိတ် လျှော့ချနိုင်ရေး၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် လယ်(၁)ဧကလျှင် စပါးတင်း(၁၀၀)ထွက်ရှိရေး၊ သဘာဝဂေဟစနစ် တိုးတက်ကောင်းမွန်စေရေးတို့အတွက်  ပိုက်ဆံလျှော်ဖြစ်ထွန်းအောင်မြင်သည့် လယ်ယာမြေ ကုန်းဆန်သော ဘိုကလေးမြို့နယ်မှ လယ်ယာမြေများ၏ စိုက်ပျိုးထွန်ယက်လုပ်ကိုင်သူများ အနေဖြင့်အကျိုးများစွာ ဖြစ်ထွန်းနိုင်သော ပိုက်ဆံလျှော်ကို မိမိတို့လယ်ယာမြေအတွင်း၌ မိုးစပါးမစိုက်ပျိုးမီ ကြဲပက်စိုက်ပျိုးသင့်ပေသည်။


မိုးစက်(ဘိုကလေး)

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)