မိုင်းကိုင်မြို့နယ်၌ ဒေသထွက်ကုန်ပစ္စည်းပြခန်း ဖွင့်လှစ်ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ ဒေသထွက်ကုန်ပစ္စည်းပြခန်း ဖွင့်လှစ်ပြသ

 




မိုင်းကိုင် ၊   မေ ၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ဒေသထွက်ကုန်ပစ္စည်း အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းမျာဖြင့် ထုတ်လုပ်ဖြန့်ဝေသော ဒေသထွက်ကုန်ပစ္စည်းပြပွဲ၊ ပြခန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  မိုင်းကိုင်မြို့နယ်  ဒေသထွက်ကုန်ပစ္စည်းပြခန်းကို  နယ်မြေခံတပ်မှ ဗိုလ်မှူး တင်ထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသွေးကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Community Centre ခန်းမအတွင်း၌ ဒေသထွက်ပစ္စည်းများဖြစ်သည့်  ဟိုနားကျေးရွာ စဉ့်ထည်များ၊ ခုံမက်မှုံကျေးရွာ ဝါးခမောက်အမျိုးမျိုး၊ ကုံးကန်ကျေးရွာမြေရေတခေါင်းနှင့် အခြားဒေသထွက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများ အမျိုးအစားပေါင်း (၁၀၀)ကျော်ကို ခင်းကျင်းပြသခဲ့သည်။


အဆိုပါ ဒေသထွက်ကုန်ပစ္စည်းပြခန်းသို့ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ စိတ်ဝင်စားသူ လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ချော(မိုင်းကိုင်)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)